ترانه و شعر با صدای Eternal Gosh
အေးစက်နေတဲ့ ငါ့ရင်ဘတ်ထဲကို မင်းအလင်းတွေ ပက်ဖျန်းပြီး သက်တန့်တစ်ခုလို ဖြစ်စေခဲ့တာ ကျေးဇူးတင်တယ်...
အပေါစားအချစ်တွေ နားခိုဖူးတဲ့ ငါ့နှလုံးသား ဧည့်ခန်းထဲ မင်းရောက်လာတော့ ခမ်းနားသွားတာ ကျေးဇူးတင်တယ်...
အလုပ်တွေပင်ပန်းတယ် မထင်ဘဲ မင်းအသံကြားရင် ချွေးတိပ်စေခဲ့တယ် ငါ့အနာဂတ် ငါ့ကမ္ဘာထဲ ရွှေရောင်တွေတောင် မင်းလောက်မလှဘူးကွယ် ဒဏ်ရာတွေကို မင်းကုလိုက်တယ်
မင်းလောက်ငါ့အပေါ် ကောင်းတာမရှိနိုင်ပါ မင်းရဲ့နားလည်မှု ခွင့်လွှတ်ခြင်းတွေ သိတတ်ခြင်းတွေ ငါယုံကြည်ပါပြီ အခု...
မင်းစေတနာကို နားလည်တဲ့အချိန်မှာ နောက်ထပ် မဆိုးတော့ဘူး ငါပြောင်းလဲလိုက်ပြီ စိတ်မပျက်လိုက်ပါနဲ့... နေခြည်ရေ ထွက်မသွားနဲ့ ထွက်မသွားနဲ့ အဝေး...
အေးစက်နေတဲ့ ငါ့ရင်ဘတ်ထဲကို မင်းအလင်းတွေ ပက်ဖျန်းပြီး သက်တန့်တစ်ခုလို ဖြစ်စေခဲ့တာ ကျေးဇူးတင်တယ်...
အပေါစားအချစ်တွေ နားခိုဖူးတဲ့ ငါ့နှလုံးသား ဧည့်ခန်းထဲ မင်းရောက်လာတော့ ခမ်းနားသွားတာ ကျေးဇူးတင်တယ်...
အလုပ်တွေပင်ပန်းတယ် မထင်ဘဲ မင်းအသံကြားရင် ချွေးတိပ်စေခဲ့တယ် ငါ့အနာဂတ် ငါ့ကမ္ဘာထဲ ရွှေရောင်တွေတောင် မင်းလောက်မခမ်းနားတယ် ဒဏ်ရာတွေကို မင်းကုလိုက်တယ်
မင်းလောက်ငါ့အပေါ် ကောင်းတာမရှိနိုင်ပါ မင်းရဲ့နားလည်မှု ခွင့်လွှတ်ခြင်းတွေ သိတတ်ခြင်းတွေ ငါယုံကြည်ပါပြီ အခု...
မင်းစေတနာကို နားလည်တဲ့အချိန်မှာ နောက်ထပ် မဆိုးတော့ဘူး ပြောင်းလဲလိုက်ပြီ စိတ်မပျက်လိုက်ပါနဲ့... နေခြည်ရေ ထွက်မသွားနဲ့ ထွက်မသွားနဲ့ အဝေး... အဝေး...
မင်းလောက်ငါ့အပေါ် ကောင်းတာမရှိနိုင်ပါ မင်းရဲ့နားလည်မှု ခွင့်လွှတ်ခြင်းတွေ သိတတ်ခြင်းတွေ ငါယုံကြည်ပါပြီ အခု
မင်းစေတနာကို နားလည်တဲ့အချိန်မှာ နောက်ထပ် မဆိုးတော့ပါဘူး ပြောင်းလဲလိုက်ပြီ စိတ်မပျက်လိုက်နဲ့ဦး... နေခြည်ရေ ထွက်မသွားနဲ့ ထွက်မသွားနဲ့ အဝေး...
ပြောင်းလဲလိုက်ပြီ စိတ်မပျက်လိုက်ပါနဲ့... နေခြည်... ထွက်မသွားနဲ့ ထွက်မသွားနဲ့ အဝေး...
آثار دیگر از Eternal Gosh